မောင်တောမြို့၌ ဘူးသီးတောင်-မောင်တောသွားကားလမ်းမအတိုင်း မောင်းနှင်းလာသော သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဘူးသီးတောင်-မောင်တောသွားကားလမ်းမအတိုင်း မောင်းနှင်းလာသော သုံးဘီးဆိုင်ကယ်တစ်စီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၁၅ 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ဘူးသီးတောင်-မောင်တောသွားကားလမ်းမအတိုင်းမောင်းနှင်းလာသော   သုံးဘီးဆိုင်ကယ်တစ်စီးတွင် နိုဝင်ဘာ ၁၅ ရက်နေ့ (၀၇:၀၀)မိနစ်အချိန်က စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ  ဘူး သီးတောင်-မောင်တောသွားကားလမ်းမပေါ်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်တွင်  မော်တော်ယာဉ် နှင့် သုံးဘီးများအား တား ဆီး စစ်ဆေးရှာဖွေနေစဉ်  မောင်လှထွန်း မောင်းနှင်းလာသည့်  သုံးဘီးဆိုင်ကယ်၏  နောက်ခန်းတွင် အံဝှက်ပြုလုပ်လျက် ပ လက် စတစ်အကြည်ရောင်  မှိုင်းခံစက္ကူဖြင့်ထုပ်ထားပြီး  အပြာရောင် ကပ်ခွာအိတ်ငယ်များအတွင်း  စိတ်ကြွရူးသွပ်ဆေး ပြား ဟုယူဆရသော  WY/R စာတမ်းပါ  လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ အပြာရောင်ကပ်ခွာအိတ် (၅၀)အိတ် ၊ ဆေးပြားပါ ၉၇၅၀ ပြားခန့်စီပါ အထုပ်ကြီး(၂၀)ထုတ် ၊ ဆေးပြားစုစုပေါင်း (၁၉၅၀၀၀)ပြားခန့် ၊ အလေးချိန် (၁၇.၅၅) ကီလိုခန့် အားတွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ  မောင်လှထွန်း(ကျား) အသက်(၅၀) နှစ် (ဘ) ဦးစံကျော်ရှီ သုံးဘီးမောင်း ၊ရွာသာယာကျေးရွာနေသူ ၊ မူးယစ်ဆေးဝါးပိုင်ရှင်ဖြစ်သူ နှင့် ဆက်စပ်တရားခံ (၃) ဦး စုစုပေါင်း (၄)ဦးအား မြို့မရဲစခန်းတွင် မယ(ပ) ၄၀/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး ဆောင် ရွက် လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)