အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ



MNP - နိုဝင်ဘာ   ၂


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်ရည်ရွယ်၍  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုခလှိုင်က အဖွင့်အမှာစကားပြောကြားပြီးအင်းစိန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပြသပေးမည့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါ သင်တန်းကိုအင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးအား အခြေခံလက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ရေး ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်တို့ကိုစာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိ စနစ်တကျ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)