မောက်မယ်မြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့လာသည့် နမ့်လွတ်ကျေးရွာအုပ်စု၊ ဖာဟင်ကျေးရွာနေ ၂၅−၇−၂၀၂၂ တွင် သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအား ထောက်ပံ့ငွေကျပ်၅သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်တို့က ထောက်ပံ့ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မောက်မယ်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)