(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ





MNP ၊  နိုဝင်ဘာ      ၁၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂  ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အထက်တန်း၊  အလယ်တန်း၊  မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို  ယနေ့ နံနက် ၉ နာရီအချိန်ကရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပကြသည်။


အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အမျိုးသားအောင်ပွဲနှင့်လူငယ့်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် အမျိုးသားနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကာင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်တွင် အမျိုးသားအောင်ပွဲနှင့်လူငယ့်တာဝန်ခေါင်းစဉ် နှင့်အလယ်တန်းအဆင့်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခေါင်းစဉ်တို့ဖြင့်ကျင်းပရာ ထက်/လယ်/မူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၉)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထိုသို့  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို   ဆရာ/ဆရာမများနှင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လာရောက်ကြီးကြပ်ပေးကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများကို  ၂၀၂၂  ခုနှစ်၊ နိုင်ဝင်ဘာလ ၁၇ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)