မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဝန်ကြီးချူပ်ဖလား(၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဝန်ကြီးချူပ်ဖလား(၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်



MNP - နိုဝင်ဘာ  ၁၂


မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အလွတ်တန်း အမျိုးသားဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်က မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် များတက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ် ဆိုပြီးပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ် တစ်ခုလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံကို တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဝင်များအား ကစားနည်းအလိုက်ဆပ်ကော်မတီဝင်များ၊ စေတနာရှင်ဝါသနာရှင်များ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် ဘော်လီဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် “ကျေးရွာအဆုံး တစ်ပြည်လုံး ဆင်းရဲချမ်းသာ ကစားပါ” ဆိုတဲ့ ဘော်လီဘော အားကစားနည်းရဲ့ ဆောင်ပုဒ်နှင့်အညီ မွန်ပြည်နယ်တစ်ခုလုံး ဘော်လီဘော အားကစားကို စိတ်ပါဝင်စားလာအောင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအားလုံး ချမှတ်ထားတဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြပါ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြပါ ယခုပြိုင်ပွဲမှသည်နိုင်ငံတော်မှ အားထားရတဲ့ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြပါလို့ တိုက်တွန်းလိုကြောင်း ပြောကြားကာ ဘောလီဘောပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။  


ထိုနောက် အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့တို့ ယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ၂၀၂၂ ခုနှစ် ပြည်နယ်အစိုးရအဖွဲဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)