ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဘားအံမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ

23


MNP - နိုဝင်ဘာ  ၂၁


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့် အချိန်ကစတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။


ပြိုင်ပွဲတွင်  ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂) ကျောင်းမှ Grade-5 ကျောင်းသား/သူ (၂၄) ဦး၊ Grade-6 ကျောင်းသား/သူ (၁၃)ဦး၊ Grade-7ကျောင်းသား/သူ (၂၁) ဦး၊  Grade-8 ကျောင်းသား/သူ (၁၈)ဦးနှင့် Grade-9‌ ကျောင်းသား/သူ (၁၄) ဦး၊ စုစုပေါင်း (၉၀) ဦးတို့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေနှင့် နှုတ်ဖြေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါ ပြိုင်ပွဲကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်မှစ၍ အင်္ဂလိပ်စာစွမ်းရည် မြင့်မား လာစေရေးအတွက် အခြေခံပညာကျောင်းများမှစ၍ အလေးထားလေ့ကျင့်သင်ကြားလာကြ‌စေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမှတစ်ဆင့် သက်ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်၊ မှန်ကန်သော အကျိုးပြုယှဉ်ပြိုင်မှုဖြင့် ထူးချွန် သော ‌ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်နှင့် ‌‌ကျောင်းသား/သူများ၏ စံပြ၊နမူနာပြ လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက  ပြည်နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages