သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ  ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စိုက်ဘဏ်ချေးငွေ အကြံပေးအဖွဲ့ အစည်းဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြွေးကျန်ကျဆင်းရေး၊ ချေးငွေသစ်များ အဆင်ပြေစွာ ထုတ်ချေးနိုင်ရေး၊ အချိန်စေ့လွန် ကြွေးကျန်(NPL) ထိရောက်စွာ ကျဆင်းရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး ကော်မတီဝင်များမှ ၂၀၂၀ မိုးချေးငွေ၊ ၂၀၂၀ ဆောင်းချေးငွေ ပြန်ဆပ်ရန်အတွက် တရားစွဲဆိုဆောင်ရွက်ရန်၊ ၂၀၂၁ မိုးချေးငွေ၊ ၂၀၂၁ ဆောင်းချေးငွေ ပြန်ဆပ်ရန်အတွက် အကြောင်းကြားစာ ပို့ဆောင်ရွက်ရန်တို့ကို ဆွေးနွေးဆုံးဖြတ် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းအေးက (NPL)ထိရောက်စွာ ကျဆင်းရေးအတွက်၂၀၂၀ ခုနှစ်၊ မိုးဆောင်းအထိ ကြွေးဟောင်း၊ ကြွေးကျန် တောင်သူနည်း အုပ်စုများကို စတင်တရားစွဲသွာမည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မိုး ဆောင်းအထိ ကြွေးဟောင်း၊ ကြွေးကျန် တောင်သူများအား နှိုးဆော်စာထုတ်ပေး ပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)