ပေါက်တောမြို့၌ (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ (၃၂)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ





MNP ၊  နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၃၂)ကြိမ်မြောက် မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်  ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ  မေတ္တာသုတ်ပရိတ်တရားတော်မြတ်ရွတ်ပွားချီးမြှင့်တော်မူကြပြီး ဝိပုလ္လရာမကျောင်းတိုက်ဆရာတော်အရှင်သူမြတ်အား ကထိန်မသင်္ကန်းအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်ဇနီးတို့မှ ဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံမှ ကထိန်အနုမောဒနာတရားတော် နာယူကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ ပိတ်သိမ်းခဲ့သည်။ယင်းနောက် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)