မောင်တောမြို့၌ သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိ







MNP ၊  နိုဝင်ဘာ   ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကို   ၁၃၈၄ ခုနှစ် ၊ တန်ဆောင်းမုန်းလဆန်း(၁၄)ရက် မှစ၍ မြို့မပရိယတ္တိစာသင်တိုက် ၊ လောကမာရဇိန်သိမ်တော်ကြီးတွင် ကျင်းပပြုလုပ် လျက်ရှိကြောင်းသိရသည်။   


တန်ဆောင်မုန်းလပြည့် ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းသမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပယ်တော် မူရာ ဂန္ဒကုဋီ ကျောင်း တိုက် မှ လောကမာရဇိန်ပြည်လုံးချမ်းသာ ဓမ္မာရုံအတွင်းသို့ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူး ချုပ် သူရိန်ထွန်း ၊ အလှူဒါယကာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်ဇနီး အလှူဒါ ယိကာမ ဒေါ်ခင်စန္ဒာဝင်း ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက  ပင့်ဆောင်ကြသည်။  ထို့နောက်  မြို့မကျောင်းတိုက် ၊မြို့နယ် သံဃနာ ယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပုညာနန္ဒ အရှင်သူမြတ်ကြီးမှု၍ ဆရာ တော် သံဃာ တော်များက ဘုရား ဗုဒ္ဓဘိသေက အနေက ဇာတင်ပူဇော်ပြီး  အလှူရှင်များက  သမိုင်းဝင်မဟာ ကျန် ဗုဒ္ဓရုပ်ပွား တော် မြတ်အား ဆွမ်း၊ ပန်း ၊ ဆီမီး ၊ အမွှေး နံ့သာများဖြင့်  ပူဇော်ဆက်ကပ်ခဲ့ကြသည်။ထို့နောက်အခမ်းအနားသို့ တက်ရောက် လာကြသော ဆရာတော်သံဃာတော်များ၊ အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း ၊ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် ဇနီးဒေါ်ခင်စန္ဒာဝင်း  ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန် တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မြို့နယ် သံဃနာ ယကဥက္ကဋ္ဌ ဆရာတော်ထံမှငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တ သုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့်တော် မူကြသည်။ 


ယင်းနောက် ဆရာတော် သံဃာ တော် အရှင်သူမြတ်များအားအလှူရှင်များမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အောင်မြေ ဗောဓိ သာသနာ့ ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် ၊ဆရာတော် ဘဒ္ဒန္တ မဏိသာရ (မဟာသဒ္ဓမ္မ ဇောတိ ကဓဇ) အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ် များက အနုမော ဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်း အနားကို ရုတ်သိမ်း ကြပြီး ရတနာ ရွှေမိုး ၊ငွေမိုး များ ရွာသွန်းဖြိုးခဲ့သည်။ 


မောင်တောမြို့ ၊မြို့မပရိယတ္တိစာသင်တိုက်၌ ကိန်းဝပ်စံပ္ပါယ်တော်မူသည့် BC-568 တတိယ ဓညဝတီခေတ် ဘုရင် စန္ဒာသူရိယ သွန်းလုပ်ပူဇော်တော်မူခဲ့သော  သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓ ပူ ဇနိ ယ ပွဲတော်ကို  ၁၃၈၄ ခုနှစ် ၊ တန်ဆောင်းမုန်းလဆန်း(၁၄)ရက် နေ့မှစ၍  တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ အထိ  နေ့စဉ် နံနက်(၆)နာရီအချိန်မှစ၍ ကျင်းပပြုလုပ်လျက်ရှိရာ အလှူရှင်များက သံဃာတော် အရှင်သူမြတ် များအား ဆွမ်း ဆက် ကပ်ခြင်း ၊ သမိုင်းဝင်မဟာ ကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း ၊ ဆီမီး ၊ အမွှေးနံ့သာများဖြင့်  ပူဇော်ခြင်း ၊ သံဃာ တော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်ခြင်း၊ ဝတ်ရွတ်အဖွဲ့များက ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက် လျက် ရှိပြီး သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူလူထု များ နှင့်  စည်းကား လျက် ရှိကြောင်းသိရသည်။  


သက်လွင်စိုး ၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)