MNP - အောက်တိုဘာ ၅
တန်ဆောင်တိုင်မရောက်မီ အကြိုကာလတွင် သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်များ ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
"အဓိကရောင်းအားအကောင်းဆုံးက သင်္ကန်းပါ။ သင်္ကန်းနဲ့တွဲပြီးတော့မှ ထီး၊ ဖိနပ်၊ သပိတ် အဝယ်လိုက်ပါတယ်။ ဒီနှစ်မှာတော့ သင်္ကန်းနဲ့ဆေး ကိုတွဲပြီး ပိုရောင်းရပါတယ်။ သင်္ကန်းကို ကြိမ်းခြင်း၊ နှီးခြင်း၊ ပလတ်စတစ်ခြင်း အစရှိတာလေးတွေပါ ထည့်လှူကြတာက လှပသေသပ်ပြီး သယ်ဆောင်ရလွယ်ကူတော့ ခြင်းလေးတွေနဲ့ ပိုပြီးရောင်းရပါတယ်"ဟု သင်္ကန်းဆိုင်ရှင်တစ်ဦးကပြောပါသည်။
တန်ဆောင်တိုင်အကြိုကာလတွင် မန္တလေးမြို့၌ ဘုရားဖူးသူများ၊ ကထိန်ပစ္စည်းဝယ်သူများ၊ အလှူအတန်းပြုရေး ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment