မာန်အောင်မြို့ ရန်အောင်မြင်ဘုရား၌တန်ဆောင်တိုင် ဝင်္ကဘာမီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် အထူးစည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ ရန်အောင်မြင်ဘုရား၌တန်ဆောင်တိုင် ဝင်္ကဘာမီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် အထူးစည်ကားလျက်ရှိ







MNP ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ဘုရား၌ တန်ဆောင်တိုင်ဝင်္ကဘာမီးထွန်းပွဲတော်နှင့်ငွေဇလပ်ကုမ္ပဏီလီမီတက်မှကြီးမှူး၍ အထူးဈေးရောင်းပွဲတော်ကို ယနေ့ညနေပိုင်းက စတင်ကာကျင်းပလျက်ရှိသည်။


ထိုသို့ကျင်းပရာသို့ မြို့နယ်အတွင်းရှိ ရပ်နီး၊ရပ်ဝေးမှ လာရောက်ကြသည့် ပြည်သူများက ဝင်္ကာအတွင်း လည်ပတ်ကြပြီး ဝင်္ကဘာအတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဗုဒ္ဓဘုရားရှင်အားရည်မှန်းပြီး ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ခြင်း၊ ရန်အောင်မြင်စေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း စသည့်ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။


ယင်းနောက် ငွေဇလပ်ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍အထူးဈေးရောင်းပွဲတော်တွင် ရောင်းချလျက် ရှိသောအဝတ်အထည်များ၊မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ မုန့်နှင့်အစားအစာများ၊ ပစ္စည်းကံစမ်းမဲ ဖေါက်ခြင်းများ၊ ကလေးကစားစရာများ စသည့်ပစ္စည်းများကိုဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)