(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ  ၁၅


 (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နရံကပ်စာစောင်ပြပွဲ၊   စာအုပ်ပြပွဲ၊  ဟောပြောပွဲ၊  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန် က ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက အမျိုးသားအောင်ပွဲနေ့အကြောင်း မှတ်သားစရာ၊ သိကောင်းစရာများအား ဟောပြောခဲ့သည်။


ယင်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းသား/ ကျောင်းသူများအာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြသထားသော နရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။


အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)