လပွတ္တာမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

 



MNP - နိုဝင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့မိမြို့ဖများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဒေသခံလုပ်ငန်းရှင်များနှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းဘုံကထိန်ပွဲတော်ကို အမှတ် (၇) ရပ်ကွက်၊ သရက်တောကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/ ကျောင်းသူများမြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများက ပဒေသာပင်များထားရှိရာ သကျမာရဇိန် ဆုတောင်းပြည့် ဘုရားကြီးဝန်းအတွင်းမှစတင်ကာ စိန်ရတုလမ်း၊ ကုန်သည်လမ်း၊ ဩဘာလမ်းတစ်လျှောက်မှနေ၍ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကျင်းပမည့် သရက်တောပရိယတ္တိ စာသင်ကျောင်းတိုက်သို့ အိုးစည်/ဗုံ မောင်းများနှင့် စည်ကားသိုက် မြိုက်စွာ စီတန်းလှည့်လည်ခဲ့ကြသည်။


ဆက်လက်၍ နံနက်(၁၀) နာရီအချိန်တွင် သရက်တောကျောင်းတိုက်၌ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဘုရားကြီးကုန်းဆရာတော်ထံမှ ငါးပါးသီလအား ဧည့်ပရိတ်သတ်များမှ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်တော် မူလာကြသော ဆရာတော်၊ သံဃာတော်များထံ တာဝန်ရှိသူများနှင့် အလှူရှင်များမှ ကထိန်လျာ ဉာတ်သင်္ကန်းနှင့် သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခဲ့ကြပြီး ကထိန်အလှူခံ ဆရာတော်ဖြစ်သော သရက်တောပရိယတ္တိစာသင်တိုက် နာယက၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရား နာယူခဲ့ကြသည်။


လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံလုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာန/ အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံစေတနာရှင် အလှူရှင်များမှ စုစုပေါင်း ပဒေသာပင် (၅၄) ပင်လှူဒါန်းခဲ့ကြပြီး ငွေပဒေသာပင်အပါအဝင်၊ ပစ္စည်းပဒေသာပင်များ၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆွမ်းခဲဖွယ်၊ ဘောဇဉ်တို့အတွက် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (သိန်းသုံးရာ) ခန့် လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)