MNP ၊ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၄၃၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၄၂ ဦး၊ ခွဲစိတ်ရောဂါ ၆၉ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၈ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၃၇၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၂ ဦး၊ မျက်စိရောဂါ ၂၈၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၇ ဦး၊ စုစုပေါင်း ၁၄၃၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၉ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ မျက်စိအတွင်းတိမ် ရောဂါဖြင့် ကုသမှုခံယူနေသည့် လူနာများအား မျက်မှန် များ တပ်ဆင် လှူဒါန်းပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment