နတ်မောက်မြို့နယ်တွင် မြေသားရေကျော်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် ရေကျော်လမ်းအဖြစ်ပြုပြင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် မြေသားရေကျော်လမ်းအား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် ရေကျော်လမ်းအဖြစ်ပြုပြင်ဆောင်ရွက်




MNP - နိုဝင်ဘာ  ၁၄


ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နတ်မောက်မြို့နယ် န/ကျားထူး-ကြူအိုင်-န/လက်ခုပ်ပင်-န/ဂွေးချိုရွာချင်းဆက် လမ်းအရှည် ၄ မိုင် ၄ ဖာလုံ ဖောက်လုပ်ခဲ့ရာ မြေသားလမ်း  အစိတ်အပိုင်းအချို့သည် ပျက်စီးနေကြောင်း သိရသည်။


အဆိုပါမြေသားလမ်း အရှည် ၄ မိုင် ၄ ဖာလုံအနက် န/လက်ခုပ်ပင်ရွာအဝင် လမ်းပိုင်းတွင်ရှိသည့် ရေကျော်မှာ ပျက်စီးချို့ယွင်း လျက်ရှိပြီး ချိုင့်ခွက်များဖြစ်ပေါ်ကာ ကား၊ သုံးဘီး၊ ဆိုင်ကယ်များ မောင်းနင်ရာတွင် အဆင်မပြေဖြစ်နေသည့်အတွက် စေတနာရှင် အလှူရှင်များနှင့် လူငယ်များက စုပေါင်းပြင်ဆင်ခဲ့ခြင်းဖြစ်သည်။


“မြေသားလမ်းဖောက်ထားတာ ၃ နှစ်ဝန်းကျင်လောက်ရှိနေတော့ မိုးရေတိုက်စားမှုကြောင့် ရွာအဝင်လမ်းပိုင်းမှာရှိတဲ့  ရေကျော်ပျက်စီးပြီး  ချိုင့်ခွက်များဖြစ်နေတော့ ကားတို့သုံးဘီးတို့၊ ဆိုင်ကယ်တို့ မောင်းရတာ အဆင်မပြေဘူးပေါ့ဗျာ၊  ဒါကြောင့် စေတနာရှင်အလှူရှင်တွေက ဘိလပ်မြေအိတ်၊ ကျောက်၊ သဲ နဲ့ငွေသား ပါလှူဒါန်းကူညီကြလို့ ရွာအဝင်လမ်းချိုင့်ခွက်ဖြစ်နေတဲ့ ရေကျော်လေးကို နိုဝင်ဘာ(၁၁)နေ့က စုပေါင်းအင်အားလေးနဲ့ပြင်ဆင်လိုက်တာပါ။ ကွန်ကရစ်ရေကျော်အဖြစ် ၁၀ ပေခန့် ပြုပြင်လိုက်ရတဲ့အတွက်သွားလာရေး ပိုမိုအဆင်ပြေသွားလို့ ကျနော်တို့ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ကိုသန်းဇော်နှင့်ကိုသာပေါ တို့က ပြောသည်။


ယခုကွန်ကရစ်ရေကျော်အဖြစ် ပြုပြင်တည်ဆောက်သည့်  မြေသားလမ်းပိုင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း (၉၈.၄၇) သန်းဖြင့် န/ကျားထူးရွာ၊ ကြူအိုင်ရွာ၊ န/လက်ခုပ်ပင်ရွာ၊ န/ဂွေးချိုရွာများသို့ ဆက်သွယ်ဖောက်လုပ်ထားသော မြေသားလမ်းဖြစ်သည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)