MNP - နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်မှစ၍ ကျေးရွာများရှိ နေကြာသီးနှံ စိုက်ပျိုးသည့် တောင်သူများအား တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/တိုး/မြင့် အဖွဲ့ဝင်များသည် ကျွဲကူးခရားရိုးကျေးရွာ၊ လှိုင်းတာကျေးရွာ၊ ဖောင်ရိုးချောင်းကျေးရွာနှင့် ဆင်တာကျေးရွာ အုပ်စုများသို့ သွားရောက်၍ နေကြာသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံကာ နေကြာစီမံကိန်းသီးနှံ အပြည့်အဝ စိုက်ပျိုးရေး ဆွေးနွေးမှာကြားခဲ့ပြီး၊ တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ကျိုက်လတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် နေကြာသီးနှံစိုက်ပျိုးရန် စက်ရေတွင်းများ တူးဖော်ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment