ကျွန်းစုမြို့တွင် အမျိုးသမီးငယ်များအား လူသုံးကုန်ပစ္စည်း (၁၆)မျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အမျိုးသမီးငယ်များအား လူသုံးကုန်ပစ္စည်း (၁၆)မျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

 



MNP - နိုဝင်ဘာ   ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကပကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အမျိုးသမီးငယ်များအား လူသုံးကုန်ပစ္စည်း (၁၆)မျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့သည်။


သင်ကြားရာတွင် အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေး/လက်ဆေးဆပ်ပြာ၊ ဘတ်စုံဆပ်ပြာ၊ ဆပ်ပြာခရင်မ်၊ အထည်အမွှေးဆီ၊ ပရုပ်ဆီ၊ လက်သန့်ဆေးရည်၊ Body Shower၊ ခေါင်းလျှော်ရည်၊ Herbal Soap၊ ဖယောင်း၊ မှန်ကြည်ဆေး၊ ကြမ်းတိုက်ဆေးရည်၊ Body Scrub၊ Hair Gel၊ ဆံပင်ပေါင်းဆေး၊ စုစုပေါင်းလူသုံးကုန်ပစ္စည်း(၁၆)မျိုးကို နိုဝင်ဘာလ(၁၅)ရက်နေ့ မှ (၁၉)ရက်နေ့အထိ သင်တန်းသူ အမျို းသမီး(၁၀)ဦးအား စာတွေ့ လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။


"နိုင်ငံတော်အစိုးရမှ အလေးအထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း" မြို့နယ် ကျေး/လက် ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက ပြောသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေး/လက် ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် မြိတ်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သီနွဲ့က အမျိုးသမီးများ အကြမ်းဖက် တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကာ သင်တန်းကို စတင်ပို့ချ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ကျွန်းစုမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းများဖြစ်သော အခြေခံအပ်ချုပ်စက်သင်တန်းအား စလွန်အော်ကြီးကျေးရွာ၌ အောက်တိုဘာ(၆)ရက်နေ့မှ ဒီဇင်ဘာ(၅) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားနေလျက်ရှိပြီး ယခုတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းအား ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် ကျေး/လက်ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)