ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့ကွက်သစ်အား မြို့အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ဖော်ဆောင်နိုင်ရေး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့ကွက်သစ်အား မြို့အင်္ဂါရပ်များနှင့်အညီ စနစ်တကျ ဖော်ဆောင်နိုင်ရေး ကြည့်ရှုစစ်ဆေး




MNP - နိုဝင်ဘာ   ၂


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ကွက်သစ်အား မြို့အင်္ဂါရပ်များနှင့်အညီ စနစ် တကျဖော်ဆောင်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင် သူမြတ်အား သွားရောက်ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များအား လျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်ကလေးဆရာတော်ဘုရားကြီးထံ ဝါဆို သင်္ကန်း၊ ဆန်၊ ဆီ အစရှိသောလှူဖွယ်ဝတ္ထု ပစ္စည်းများ နှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့ကွက်သစ်ရှိ မဟော်သဓာပညာရေး ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်၌ ယာယီသီတင်းသုံးနေထိုင်တော်မူသော ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တကဝိဓဇအား သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆို သင်္ကန်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ကွက်သစ်၌ စံဖနုံ၊ ကော့ဝီးလာ၊ ကော့သဖလဲ ကျေးရွာဈေး(တောင်ဝိုင်းဈေး)၊ ဘောလုံးကွင်း၊ ယာဉ်ရပ်နားစခန်း၊ ပန်းခြံတည်ဆောက်မည့်မြေနေရာများအား သွားရောက်ကြည့်ရှုစစ် ဆေးရာ ဘားအံခရိုင်အုပ်ချုပ် ရေးမှူးဦးအောင်လွင်နှင့် တာဝန်ရှိသူများက တည်ဆောက်ရန်လျာထားသည့်မြေနေရာ၊ တောင်က လေး တိုးချဲ့ကွက်သစ်အတွင်း မြေသားလမ်းဖော်ခြင်းနှင့် ရေမြောင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့ကွက်သစ်အတွင်း မြေသားလမ်းဖော်ခြင်းနှင့်ရေမြောင်းတူးခြင်းလုပ် ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)