တောင်ကုတ်မြို့၌ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၃


တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ တောင်ကုတ်မြို့နယ် ပညာရေးမှူး ကျော်ထွန်းအောင် က စီမံခန့်ခွဲမှုစွမ်း ဆောင်ရည် မြင့်မားရေးအလုပ်ရုံးဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ကျောင်းတွင်း စီမံခန့်ခွဲမှု အရည်အသွေးတိုးတက်မြင့်မားရေး၊ ပညာရည်မြင့်မားရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုက အဓိကကျကြောင်း၊ ကျောင်းအုပ်ကြီးများ၏ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်အတွက် အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသည့် လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သင်ကြားသင်ယူမှု တိုးတက်ကောင်းမွန် လာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံဘဏ္ဍာ၊ ပညာစစ်ဆေးခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။


အဆိုပါ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၁၆  ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တာဝန်ခံကျောင်းအုပ် ၂၁၆ ဦးတို့အား မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်၊ ဂွမြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်နှင့် မာန်အောင်မြို့နယ် ပညာရေးမှူး(တာဝန်ခံ)လက်ထောက်ညွှန်ကြားရေး ဦးအောင်‌ကျော်ငြိမ်း တို့က စီမံရေးရာ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်း၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ခြင်းလုပ်ငန်း၊ စာရင်းအင်းနှင့်ကွန်ပျူတာ၊ ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများနှင့် မြို့နယ်ပညာရေးမှူးများ၏ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)