သထုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၁၄


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အထက(၁)သထုံကျောင်း၊ နဝဒေးခန်မ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဦးမင်းတင်နွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၇၉ ကျောင်းတို့မှ ကျောင်းအုပ်ကြီး ၁၅၇ ဦးတို့က စီမံဘဏ္ဍာပညာဘာသာရပ်နှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို အပြန်အလှန် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း -နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)