MNP - နိုဝင်ဘာ ၇
ရှမ်ပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၃၂) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲအား ယမန်နေ့နံနက် (၈) နာရီ အချိန်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပဒေသာပင်များအား ပြည်ထောင်စုလမ်းမကြီးတလျှောက် အိုးစည်ဘုံမောင်းများဖြင့် လှည့်လည်ခဲ့ကြပြီး အောင်မင်္ဂလာကျောင်းသို့ ပို့ဆောင်ခဲ့ကြသည်။ စုပေါင်းမဟာဘုံကထိန် တရားတော်နာနှင့် ရေစက်သွန်းချမင်္ဂလာအခမ်းအနားအား တန်ဆောင်မုန်းလပြည့်နေ့တွင် အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ (၃၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲအား နယ်မြေခံတပ်ရင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ ဒေသခံပြည်သူများ၏ ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment