ခိုလမ်မြို့၊ အခြေခံပညာမူလွန်(ဝမ်ဖွီး)ကျောင်းနှင့် အ.မ.က(၂၉)မိုင်ကျောင်း၌၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့၊ အခြေခံပညာမူလွန်(ဝမ်ဖွီး)ကျောင်းနှင့် အ.မ.က(၂၉)မိုင်ကျောင်း၌၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

 


MNP - နိုဝင်ဘာ   ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခိုလမ်မြို့၊ အခြေခံပညာမူလွန်(ဝမ်ဖွီး)ကျောင်းနှင့် အ.မ.က(၂၉)မိုင်ကျောင်းတွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာဆောင်ပြသခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူသော်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများအား ဟောပြောခဲ့သည်။ ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြသည်။


အဆိုပါ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအား အခြေခံပညာမူလွန်(ဝမ်ဖွီး)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၅၀)ဦးနှင့် အ.မ.က (၂၉)မိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - နေလင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)