ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုမောင်မယ်သစ်လွင်များအား ကြိုဆိုပွဲကို နိုဝင်ဘာ ၂၁ နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ``ယနေ့သည် မိမိတို့ ကျောင်းတော်ကြီးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ သားငယ်၊ သမီးငယ်များအား မိမိနှင့်တစ်ကွ ကျောင်းမှဆရာဆရာမများ ၊ ဝန်ထမ်းများအားလုံးက ဝမ်းမြောက်လှိုက်လှဲစွာ၊ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်၊ နည်းပညာအသုံးချသည့်ခေတ် ဖြစ်သည့်အားလျော်စွာ ကွန်ပျူတာ ပညာရပ်သည် လူမှု့ဘဝ တစ်လျောက်လုံးအတွက် အရေးပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ယူကြရန် နှစ်စဉ်အတန်းတိုင်းကို ထူးချွန်စွာ အောင်မြင်ကြအောင် ကြိုးစားသွားကြစေလိုကြောင်း၊ ဘဝရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာ ဖြတ်သန်းကြပြီး နောင်တစ်ချိန်တွင် မိမိဘဝကောင်းကျိုး၊ ပတ်ဝန်းကျင် ကောင်းကျိုးနှင့် အမိမြန်မာနိုင်တော်ကြီး၏ ကောင်းကျိုးများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် အဆင့်မြင့်ကွန်ပျူတာပညာရှင် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ´´ စသည်ဖြင့် တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘာသာရပ်များအလိုက်  ပါမောက္ခဌာနမှူးများနှင့် တစ်ဦးချင်းမိတ်ဆက် ပေးခဲ့သည်။ ယနေ့အထိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၂၈ ဦး    တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)