ရွှေတောင်မြို့နယ်တွင် မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းများပြုလုပ်



MNP - နိုဝင်ဘာ  ၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အများပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အများပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာများ စိုက်ထူခြင်းကို မြို့နယ်လဝကရုံးရှေ့၊ ရန်ကုန်-ပြည်လမ်းနှင့် ပြည်သူ့ဆေးရုံကြီး‌ရှေ့၊ ရွှေမျက်မှန်ဘုရားကြီးနှင့် ဈေးလမ်းထောင့် စသည့် လူစည်ကားရာနေရာသုံးနေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးသန်းထူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပြီးသော်လည်း သတ်မှတ်ထားသော အသက်အပိုင်းအခြား အတိုင်းလဲလှယ်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်(၁)ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရန်၊ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ်(လ.ဝ.က)ရုံးတွင် အမြန်သွားရောက်အပ်နှံရန် ၊ (၁၅-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာအတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းမည်ဖြစ်‌ကြောင်း စသည့် လိုက်နာရမည့်စည်းကမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အများပြည်သူသိရှိနိုင်ရန် ပြည့်စုံစွာဖော်ပြထားကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)