တာချီလိတ်မြို့၌ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP -  နိုဝင်ဘာ ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော အသေးစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှုလျော့ချနိုင်ရေး၊ ဒေသတွင်းစားသောက်ကုန်ဖူလုံမှုရှိစေရေး၊ ထုတ်ကုန်များ အရည်အသွေးတိုးတက်မြင့်မားရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသေးစားအလတ်စားလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လမ်း၊ တံတား၊ အဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု၊  ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးဆောင်ရွက်နေမှု၊ အခွန်ငွေများကောက်ခံရရှိမှု၊ ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောရွက်နေမှု၊ ကလေးသူငယ်အခွင့်ရေးဆိုင်ရာများ ဆောင်ရွက်နေမှု၊ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊  မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


တာချီလိတ်မြို့တွင် မှတ်ပုံတင်ထားသော အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်း စုစုပေါင်း (၂၀၄) ခုရှိကြောင်း တာချီလိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။


သတင်း - သန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)