MNP - နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော အ.လ.က(တပ်တွင်း) တိုးချဲ့ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေးနှင့် အဆောက်အအုံအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းမှ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။
RCC နှစ်ထပ်အမျိုးစား၊ အလျားပေ ၁၄၀၊ အနံပေ ၃၀ အကျယ်ရှိသော အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် Shan Queen ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းအဖြစ်ပြီး ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment