ကလောမြို့နယ်၊ အမှတ်(၅)အထက(အောင်ပန်း)၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၊ အမှတ်(၅)အထက(အောင်ပန်း)၌ လူငယ်စကားဝိုင်း ကျင်းပ



MNP - နိုဝင်ဘာ   ၁၁


မြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုးတိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(အောင်ပန်း)နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)အချိန်က အဆိုပါအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစီးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(အောင်ပန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းဥက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က နိုင်ငံတစ်နိုင်ငံဖွံဖြိုး တိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်း လာစေရန် ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံပြောင်း ာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့်ကျောင်းသား၊ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့်ကျောင်းသား၊ ကျောင်းသူများအား Moderator အဖြစ်ဆောင်ရွက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးကာ  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်ဝင်းညွှန့်ဦးက လူကုန်ကူးမှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-11 မှကျောင်းသူ မဆုလဲ့စန္ဒီက လူငယ်နှင့်ပညာရေး ၊Grade-11မှ ကျောင်းသူ မရှင်ဆောင်းဖြူက လူငယ်နှင့်ကျန်းမာရေး၊ Grade-9(A)မှ ကျောင်းသား မောင်ကောင်းသုခက လူငယ်နှင့်စာပေ၊ Grade-7(A)မှ ကျောင်းသူ မအိမ့်ပိုင်ပိုင်မှူးက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။


ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲသို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(အောင်ပန်း)မှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြသည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။


သတင်း - အေးခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)