ကလိန်အောင်မြို့နှင့် ကျေးရွာ(၂၉)ရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ဖြင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအကြောင်း ချပြရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့နှင့် ကျေးရွာ(၂၉)ရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်ဖြင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအကြောင်း ချပြရှင်းလင်း

 


MNP - နိုဝင်ဘာ   ၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီခွဲက ကံပေါ‌က်ဒေသရှိ ဇောတိက လူမှုစီးပွားမံကိန်း "ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်" မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ(၂၉)ရွာ အတွင်းရှိ ဒေသခံကျေးရွာသူ၊‌သားများအား ဆေးကုသဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ကံပေါ‌က်ဒေသရှိ ဇောတိကလူမှုစီးပွားမံကိန်း "ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်" တာဝန်ခံ ကိုဇော်မင်းထိုက်မှ မိတ်ဆက်စကား ပြောကြားပြီး ဒေါက်တာ ဒေါ်ကလျာထွန်းက ကလိန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ(၂၉)ရွာအတွင်းရှိ ဒေသခံကျေးရွာသူ၊‌ သားများအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်၍ တစ်ရက်ကိုတစ်ရွာနှုန်း မိုဘိုင်းလ်စနစ်ဖြင့် ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက် ‌ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ရည်ရွယ်ချက်များကို ပရိုဂျက်တာဖြင့် ချပြရှင်း‌လင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည့်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေနွေးပွဲသို့ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ကံပေါ‌က်ဒေသရှိ ဇောတိက လူမှုစီးပွားမံကိန်း ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်မှ တာဝန်ခံ ဦးဇော်မင်းထိုက်၊ ဒေါက်တာ ဒေါ်ကလျာထွန်း၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)