ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များသွား ရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များသွား ရောက်ငှားရမ်းပေး




MNP - နိုဝင်ဘာ   ၁၃


ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ တိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။


မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူလူထုများ လက်ဝယ်အရောက် သုတ၊ ရသစာအုပ်စာစောင် များအား မိုဘိုင်းစနစ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိရာ သက်ဆိုင်ရာနေရာများသို့ အပတ်စဉ် စာအုပ်စာစောင်များကို အဟောင်းအပ် အသစ်ငှားစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)