ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး




MNP ၊ နိုဝင်ဘာ   ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ဦးတည်အုပ်စုပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ စုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။ 


 နိုဝင်ဘာလ(၈)ရက်နေ့က  မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား  ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင်စတုတ္ထအကြိမ်မြောက် ကိုဗစ် -၁၉ရောဂါ  ကာကွယ်ဆေး Myancopharm Booster Dosesကို  (၃၄၆)ဦးက လည်းကောင်း၊  ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး Sinovacကို (၇)ဦးတို့က လည်းကောင်း အသီးသီး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။


 ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)