သက်ကြီးဘိုးဘွားများအတွက် စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ကြီးဘိုးဘွားများအတွက် စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်း




MNP - နိုဝင်ဘာ  ၂၅


မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်အဖွဲ့က ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန် ရည်ရွယ်၍ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့က ပွင့်ဖြူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများကို စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများ အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စားကုန်ပစ္စည်းနှင့်ဆေးဝါးများ ထောက်ပံ့လှူဒါန်းခြင်းကို ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာနှင့် ကနီကျေးရွာတို့မှ အသက်(၈၀)နှစ်အထက်နှင့် အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား (၃)ဦးကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါးပစ္စည်းများကို ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အိမ်တိုင်ရာရောက်သွားရောက်ပြီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့ အကျိုးတော်ဆောင် ဦးကျော်ဆန်းထံမှ သိရသည်။


ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့အနေဖြင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပွင့်ဖြူမြို့နယ်၊ စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများကို စိတ်အေးချမ်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် လူနေအိမ်ပြုပြင် ဆောက်လုပ်လှူဒါန်းပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ စားသောက်ရေးအဆင်ပြေစေရန်အတွက် ‌ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စသည့် စားသောက်ကုန်ပစ္စည်းများ  ထောက်ပံ့လှူဒါန်းပေးခြင်း ခြုံစောင်နှင့်အဝတ်အထည်များ ထောက်ပံ့လှူဒါန်းပေးခြင်းများကို ကူညီဖြည့်ဆည်း လှူဒါန်းလျက်ရှိကြောင်းသိရကာ စေတနာအလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင် လှူဒါန်းလိုပါက အဆိုပါ တစ်ကိုယ်တော် ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)