လွိုင်ကော်မြို့၌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

 



MNP - နိုဝင်ဘာ  ၁၁


ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်း က ကယားပြည်နယ် လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊  ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်စေရန်နှင့် ကာကွယ်စောက်ရှောက်ရန်၊ အခြေခံမူ (၄)ရပ်ဖြစ်သော ကလေးသူငယ်၏ အကောင်းအဆိုး အကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်မှု မရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူနှင့် ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ တို့ကိုသက်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေး၏ ဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ကလေးသူငယ်များအပေါ် ကျရောက်မည့် အန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များ အားလုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအသီးသီးက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို  ဆွေးနွေးတင်ပြခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး က ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)