သံတွဲမြို့နယ် ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသရုပ်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ် ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသရုပ်ပြပွဲဆောင်ရွက်



MNP - နိုဝင်ဘာ  ၁၁


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း  ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေး သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရတနာလမ်းနှင့် ဦးဥတ္တမလမ်းထောင့်၌ ပြုလုပ်ခဲ့ သည်။


အဆိုပါ သရုပ်ပြပွဲတွင် သံတွဲမြို့နယ် အမှတ် ၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဉာဏ်မင်းကိုကိုက မှုခင်းကျဆင်းရေးအတွက် မော်တော် ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနင်းသူများလိုက်နာရန် စည်းကမ်းများ၊ ခြေလျင်သွားလာသူများ၊ လမ်းဖြတ်ကူးသူများအနေဖြင့် လိုက်နာရမည့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ပွားလာလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)