ပြင်ဦးလွင်မြို့တွင် (၂၂)ကြိမ်မြောက် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် (၂၂)ကြိမ်မြောက် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်

 


MNP - နိုဝင်ဘာ ၇


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ - ဆုတောင်းပြည့်ဘုရားကြီးအား( ၁၃၈၄ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့) ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်၌ မသိုးသင်္ကန်းရက်ကန်းခတ်ကပ်လှူပူဇော်ခြင်း၊ နံနက် ၅  နာရီတွင် သံဃာတော်အရှင်သူမြတ်တို့မှ ဘုရားကြီးအား အနေကဇာတင်ခြင်း ၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့အား ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ၊ ( ၂၂) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းခတ်ပွဲကို (၁၃၈၄ ၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ) နိုဝင်ဘာ ၆ ရက်နေ့၊ ညနေ ၆   နာရီက အဆိုပါဘုရားကြီးရင်ပြင်ပေါ်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရက်ကန်းခတ်နေမှုအား လှည့်လှည်ကြည့်ရှုသည်။


ထို့နောက် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်ပွဲတွင် သုဇိတာ ၊ သုမာလာ ၊ မဏိစန္ဒာနှင့် မဏိမေခလာ စသည့် ရက်ကန်းစင်များဖြင့် မိမိတို့ရက်ကန်းစင်အလိုက် မသိုးသင်္ကန်းကို အချိန်မီပြီးစီးနိုင်ရန်အတွက် ယက်ဖောက်ရောက်ခြင်း၊ ချည်ဆက်ခြင်း၊ ရက်ကန်းခတ်ခြင်း၊ ရက်ကန်းစင်(၄)စင်မှရရှိသောသင်္ကန်းအား ဆက်ချုပ်ခြင်းတို့ဖြင့် အချိန်နှင့်တပြေးညီ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း ရက်ကန်းခတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)