MNP - နိုဝင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်တွင် မြို့သူမြို့သားများက စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါကထိန်ပွဲတွင် နောင်တရားမြို့ ဘုန်းတော်ကြီးကျောင်းဒကာများက ငွေပဒေသာပင်ကြီးနှင့် ကထိန်သင်္ကန်း ၆၀၀ ကျော်တို့ကို နောင်တရားမြို့အတွင်း စည်တန်းလှည့်လည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေတို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ မွန်းလွဲပိုင်းတွင် သံဃာတော် အရှင်သူမြတ်များထံမှ လှူဒါန်းမှုအစုစုအတွက် တရားတော်နာယူပြီး ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းတွင် မီးပဒေသာဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် စိန်နပန်မီးပုံးပျံနှင့် ညမီးကျည် မီးပုံးပျံ (၁၀)လုံး လွတ်တင်ပူဇော်သွားမည်ဖြစ်သည်။ အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲသို့ ဧည့်ပရိသတ်များဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
သတင်း - ခွန်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment