ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၂


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၉;၃၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမင်းမင်းဦးတို့က အိမ်ထောင်စုစာ ရင်းမှန်ကန်မှုရှိစေရေး တိကျမှန်ကန်မှုရှိအောင် ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲကျင်းပသည့်အခါ မဲရုံများ တည်ဆောက်ခြင်းကို အလွယ်တကူမဲပေးနိုင်ရေး ဆောင်ရွက်ထားကြရန်လိုကြောင်း ပြောကြားပေးခဲ့သည်။


ထို့နောက် သရက်ခရိုင် ရွေကောက်ပွဲအရာရှိ ဒေါ်နေဝါလှိုင်က သရက်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့  နယ်၏ လူဦးရေစာရင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ လျာထားဆောင်ရွက်မှုအား Power Point ဖြင့်ရှင်းလင်းတင်ပြဲ့ပြီး သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှမြို့နယ်များမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသန့်ဇင်မင်း၊ ဒေါဇူပန်မို၊ ဒေါ်စုသက်နှင်းဝေ၊ ဒေါ်ခင်မို့မို့ကျော်တို့က မြို့နယ်အတွင်း မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍  Power Point ရှင်းလင်းတင်ပြရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်အတွင်း မဲရုံနေရာများ ထားရှိမည့် နေရာများကို တင်ပြခဲ့ကြကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းတင့်က ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက် ပေးနိုင်မှုအခြေအနေနှင့် ပတ်သက်၍ တင်ပြပေးခဲ့ကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က မဲဆန္ဒရှင်များ စာရင်းတိကျမှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက တင်ပြပေးမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)