မူဆယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ စာရင်းနှင့် ပက်သတ်၍ ပြည်သူများအား အသိပေးဆောင်ရွက်” - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ စာရင်းနှင့် ပက်သတ်၍ ပြည်သူများအား အသိပေးဆောင်ရွက်”

 


MNP - နိုဝင်ဘာ ၅ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မူဆယ်မြို့၌  မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပုံစံ၆၆/၆စာရင်း နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာ‌ပေးခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ အသိပေးကြေညာချက်ကို  ဟိုမွန်ရပ်ကွက် ကန့်ကော်မီးပွိုင့်လမ်းဆုံ၊ ပန်ခမ်းတံတား စစ်ဆေးရေးဂိတ်၊ ကောင်းမှုတုံရပ်ကွက် မူဆယ် -နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးဘေး မြန်မာ -တရုတ်နယ်စပ် ရွှေနန်းတော်စစ်ဆေးရေး ဂိတ်ပေါက်ရှေ့နှင့် ဟိုမွန်ရပ်ကွက် မူဆယ် -လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး We Love Muse ဆိုင်းဘုတ်လမ်းဆုံတို့တွင်တာဝန်ရှိသူများက အုပ်စုခွဲ၍ အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။  ထို့သို့ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း အစီအစဉ်ကို   မူဆယ်ခရိုင် လဝကဦးစီးမှူး ဦးရဲရင့်ထွန်းနှင့်အတူ ခရိုင် / မြို့နယ်လဝကဝန်ထမ်းများ ၊ မူဆယ်မြို့ လူသားခြင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကွန်ယက်၊ကမ်းလက် ကူညီရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သည်။  ထို့ပြင် ရပ်ကွက်ရုံးများတွင်ဗီနိုင်းချိတ်စွဲခြင်း Bill Bord စိုက်ထူ ခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူး‌‌ပေါင်း၍ Talk Show အစီအစဉ်များ ရိုက်ကူးပြီး Online မှ ထုတ်လွှင့်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်‌ရေး ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)