မိုင်းယောင်းမြို့နယ်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးရေး ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးရေး ကွင်းဆင်း ဆောင်ရွက်



MNP - နိုဝင်ဘာ ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးအထွက်နှုန်းများ တိုးတက်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် တာဝန်ရှိသူများက နွေစပါးစတင်စိုက်ပျိုးလျက်ရှိသော ဝမ်မန်းအုပ်စု ဝမ်ဒန်ကျေးရွာရှိ တောင်သူများအား မြေပြင်ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြစ်သော နွေစပါးတိုးချဲ့စိုက်ပျိုးရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် တောင်သူများအနေနှင့် နွေစပါးစိုက်ပျိုးရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


မိုင်းယောင်းခရိုင်၏ ယခုနှစ် နွေစပါးလျာထားဧကမှာ ၆၈ ဧကဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)