မြေပုံမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဆီမီးပူဇော်လှူဒါန်းသူများနှင့် မီးပုံးပျံလွှတ်တင် ပူစော်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဆီမီးပူဇော်လှူဒါန်းသူများနှင့် မီးပုံးပျံလွှတ်တင် ပူစော်သူများဖြင့်စည်ကား

 

MNP - နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ တန်းဆောင်းမုန်းလပြည့်သမညဖလအခါတော်နေ့၌  အငူဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီးနှင့် မြို့ဦးဘုရားစေတီမြတ်ကြီးတို့၌  ဆီမီးထွန်းညှိပူဇော်သူများ၊ မီ ပုံးပျံလွှတ်တင်ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများပျော်ရွှင်စွာ ကုသိုလ်ပြုနိုင်ရန်အတွက် မြေပုံမြို့၌ဘုရား၊ စေတီ၊ ပုထိုးများရှိ ဂေါပကအဖွဲ့သို့ မီးပုံးပျံအလုံး(၅၀)လှူဒါန်းပေးခဲ့သည်။ ထို့နောက် ပြည်သူများ ပျော်ရွှင်စွာ ဆီမီးပူဇော်ကုသိုလ်ပြုနိုင်ရန်စီစဉ်ပေးမှုကြောင့်  ဘုရားစေတီပုထိုးများ၌  ဘုရားဖူးသူ၊ ဆီမီးပူစော်သူ၊   မီးပုံးပျံလွှတ်တင်ပူဇော်သူတို့ဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။




သတင်း - တင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)