နည်းပညာတက္ကသိုလ်(ပင်လုံ)၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ပင်လုံ)၌ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ  ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် တည်ဆောက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် နံနက်(၉)နာရီခွဲအေချိန်တွင် နည်းပညာတက္ကသိုလ် (ပင်လုံ) အစည်းအဝေးခန်းမတွင် ကုမ္ပဏီများမှ မန်နေးဂျင်းဒါရိုက်တာများ၊ တာဝန်ခံအင်ဂျင်နီယာများ၊ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာထွန်းမြင့်နှင့် ဆရာမများအားတွေ့ဆုံကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်ဥက္ကဋ္ဌ ဦးကံစောလှိုင် က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့် က တည်ဆောက်ရေးလုပ်ငန်းအခြေအနေ၊ တည်ဆောက်ရေးကုမ္ပဏီများ၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။ ထို့နောက် ခရိုင်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကုမ္ပဏီအသီးသီး၏ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးကြရာ ရှေးဦးစွာ စုထိုက်စံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် အဝီစိတွင်းတူးဖော်မည့် လျာထားမြေနေရာကိုလည်းကောင်း၊ ယင်းနောက် ခမ်းရွှေဝါထွန်းကုမ္ပဏီ ကတာဝန်ယူတည်ဆောက်နေသည့် အလျား ၁၉၂ ပေ ၊ အနံ ၃၈ ပေ ရှိ သုံးထပ်စာသင်ဆောင်(ရေမီးအပါအဝင်) တစ်လုံးတည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်းကောင်း၊ ယင်းနောက် စုထိုက်စံ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် ဘောလုံးကွင်းမြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လည်းကောင်း၊ ဆက်လက်၍ လင်းမြတ်နိုင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်း ရေမြောင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီက‌ဆောင်ရွက်‌နေသည့် အုတ်ခြံစည်းရိုးကာရံခြင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ထို့နောက် ဇာနည်ထက် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် အလျား ၂၀၀ ပေ၊ အနံ ၃၅ ပေ ရှိ  ကျောင်းသား/သူ ၁၀၀ ဆံ့အိပ်ဆောင် တစ်လုံးနှင့် ထမင်းစာစောင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေရှိ တစ်ထပ်ဆောင် ၂ လုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့လည်းကောင်း တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများ၊ အင်ဂျင်နီယာများက လိုက်လံရှင်းလင်းပြသကြသည်။


အဆိုပါ နည်းပညာတက္ကသိုလ် (ပင်လုံ)၌ တည်ဆောက်ရေးလုပ်ငန်း ၆ ခုကို တည်ဆောက်ရေးကုမ္ပဏီ ၅ ခုတို့က တာဝန်ယူ တည်ဆောက်နေကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)