MNP - နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က တာဝန်ရှိသူများအတူ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်(စ်)၊ အဖွဲ့ဝင်-၃ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယောင်းခရိုင်ဦးစီးမှူး ဦးအေးကိုကိုစုနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လူနာများအား ဆေးကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းသိန်းက လိုက်လံရှင်းလင်းပြသပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ပထမဦးစားပေး လျာထားသော ဟွေထမ်ကျေးရွာ တောင်ပေါ်သားကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ သမဝါယမအသင်း၏ ကော်ဖီပင်များ စိုက်ပျိူးထားမှု၊ ရှေခင်ကျေးရွာ ဧဒင်မွေးမြူရေးသမဝါယမအသင်း၏ နွားမွေး မြူနေမှုအခြေအနေများကို ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment