သရက်ချောင်းမြို့နယ်တွင် ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ခင်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဝန်ထမ်းများ၊ ကျေးရွာ/မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ခင်မြန်မာကုမ္ပဏီမှ အင်ဂျင်နီယာဦးတင်ဝင်းက ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းစီမံကိန်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ ထားဝယ်မြစ်ကြောင်းတည်နေရာပြမြေပုံနှင့်ရှင်းလင်းခြင်း၊ တူးဖော်မည့်ရေလမ်းကြောင်း၊ အထွေထွေအခြေခံဒီဇိုင်း၊ ဒီဇိုင်းအဖွဲ့ဖွဲ့စည်းပုံကိုရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းကာလကြာမြင့်ချိန် စသည့် အကောင်ထည်ဖော်မည့်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ CRE Company Limitedမှ Manging Diector ဦးဝင်နိုင်ထွန်းက စီမံကိန်းနှင့်ပတ်သက်သော နယ်ပယ်သတ်မှတ်ခြင်းလေ့လာမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လေ့လာမှုအချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရပ်/ရပ်ဖများက မြစ်ကြောင်းတူးဖော်ရာမှ ဖြစ်ပေါ်နိုင်သည့်အခက်အခဲများအကြောင်း ပြန်လည်တင်ပြရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပြီး သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ထားဝယ်မြစ်ကြောင်းတူးဖော်ခြင်းသည် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်များ၏ စီးပွားရေးကောင်းမွန်လာနိုင်ပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်လာနိုင်ကြောင်းပြောကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)