ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP - နိုဝင်ဘာ  ၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက မီးကြိုး၊ မီးတိုင်များ လဲနေပါကပြန်လည်ဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်စေရေး ဆောက်ရွက်ရန်၊ မိမိတို့ရုံးဌာနများတွင် ရုံးပြင်၊ ရုံးတွင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သည့်လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတို့တက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးသတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်းစသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)