ကံမမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ  ၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၏အခန်းကဏ္ဍသည် အဓိကကျသည်ဖြစ်ရာ နောင်တစ်ခေတ်၏ သားကောင်းရတနာများ အနာဂတ်ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ ဆရာမများ၏ သင်ကြားမှု၊ သွန်သင်ဆုံးမမှုမှာ အခြေခံကျသည်ဖြစ်၍ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သရက်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အမှာစကားပြောကြားရာတွင် မိမိကျောင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို စနစ်တကျစီမံခန့်ခွဲ့နိုင်မှသာ အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိ သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း စာသင်ကျောင်းများဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာ၍ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်က ဆွေးနွေးပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ကံမမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ကြီး စုစုပေါင်း (၁၂၈)ဦး တက်ရောက်ပြီး နည်းပြဆရာ(၅)ဦးတို့က ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ၂ ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)