မိုးနဲမြို့နယ်၌ တီဘီရောဂါသံသယလူနာများ ရှာဖွေခြင်းနှင့် ကုသခြင်းကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ တီဘီရောဂါသံသယလူနာများ ရှာဖွေခြင်းနှင့် ကုသခြင်းကွင်းဆင်းဆောင်ရွက်



MNP - နိုဝင်ဘာ   ၁၃


ရှမ်းပြည်နယ် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါသံသယ လူနာကွင်းဆင်းရှာဖွေခြင်း ကုသ‌ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မိုးနဲမြို့ပြည်သူ့‌ဆေးရုံ ကုသဆောင်ဟောင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးရာတွင် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇင်မီဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ ရှာဖွေကုသခြင်း၊ အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် သံသယလူနာတွေ့ရှိပါက ကုသမှုခံယူရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် အသိပညာပေးဟောပြောခဲ့ကြသည်။


အဆိုပါ ကွင်းဆင်းကုသမှုကို မြို့‌ပေါ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ TB Project မှ အဖွဲ့ဝင်များ ၊ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်များအတွင်း နေထိုင်သော တီဘီသံသယလူနာများ လာရောက်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက်နေ့တွင်လည်း မိုးနဲမြို့နယ် ဆိုင်းဖယ်ကျေးရွာ‌နေ ပြည်သူများထံသို့ ကွင်းဆင်း၍ သံသယလူနာများ ဆက်လက်ရှာဖွေ စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)