ရပ်စောက်၌ မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်၌ မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

 


MNP - နိုဝင်ဘာ  ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၌ (၆၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပဒေသာပင်စုပေါင်းလှည့်လည်ပွဲအား ရပ်စောက်မြို့ မြို့မဈေးနာရီစင်တွင် ပဒေသာပင် မော်တော်ယာဉ်များကိုစုရပ်ပြု၍ ရပ်စောက်-ရွှေညောင်သွားကားလမ်းအတိုင်းမှ မြို့အဝင် Denko ဓာတ်ဆီဆိုင်အထိလှည့်လည်ခဲ့ကြပြီး ထိုမှတစ်ဆင့်စူဌာမုနိကုသိုလ်တော်ဘုရားကြီးသို့ ပဒေသာပင်များပို့ဆောင်ခဲ့ကြသည်။


စုပေါင်းလှည့်လည်ပွဲတွင် ရပ်စောက်(ဗထူး)တပ်နယ် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ မိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၇)ရပ်ကွက်မှပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မော်တော်ယာဉ်လိုင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုပေါင်းပါဝင်ခဲ့ကြကြောင်းနှင့် ယနေ့စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ခဲ့ကြရာ၌ ဘုံကထိန်လှူဒါန်းမှုပဒေသာပင် စုစုပေါင်း(၇၀)ပင်ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၆၉၂၇၁၈၀၀)ဖြစ်ကြောင်း သိရသည်။     


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)