ရသေ့တောင်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ဌာနဆိုင်ရာစုပေါင်း(၂၂)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လည်(၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဌာနဆိုင်ရာ စုပေါင်း(၂၂)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပလိုကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုအခြေခံ၍ ဘုံကထိန်ပွဲ တော်ကြီးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဦးစံအောင်ကျော်မှကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဘဏ္ဍာငွေကောက်ခံရေးကော်မတီ၊ ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ယခင်နှစ်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ရက် သတ်မှတ်နိုင်ရေးအတွက် မြို့နယ် သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍ မြို့နယ်ထွေအုပ်ခန်းမတွင် ကျင်းပ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပြီးမြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကိုပါပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)