ရွှေဘိုမြို့ အထက(၃)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့ အထက(၃)၌ လူငယ်စကားဝိုင်းကျင်းပ



 MNP - နိုဝင်ဘာ  ၁၂


လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃)အခြေခံ ပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစီးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်အေးမြမွန်က နိုင်ငံတစ်နိုင်ငံဖွံဖြိုး တိုးတက်ရန်အတွက် အနာဂတ်မျိုး ဆက်သစ် ကျောင်းသား၊ ကျောင်းသူများ သည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ လိမ္မာယဉ်‌ကျေးစွာ ပြောဆိုဆက်ဆံတတ်‌သော အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။


ထို့နောက် Moderator အဖြစ် ဆောင်ရွက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးကာ၊ရွှေဘိုမြို့နယ် စာရေးဆရာအသင်း နာယကဆရာရွှေစောသက်က လူငယ်နှင့် မူးယစ်ဆေး၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ဘုန်းညိုက လူငယ်နှင်စာရိတ္တ၊ Grade-10 ကျောင်းသား မောင်ပိုင်ဖြိုးနိုင်က လူငယ်နှင့် စာပေ၊ Grade-11 ကျောင်းသူ မအိရွှေစင်ကျော်က လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များကို မေးမြန်း ဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)