ညောင်ဦးမြို့ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ  ၅


ညောင်ဦးမြို့၌  အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က  ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း ၅၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆၅ ကျောင်း  ၊ မူလတန်းကျောင်း ၁၁၇ ကျောင်း တို့ မှကျောင်းအုပ်ဆရာဆရာမကြီးများ ၂၀၈ ဦး  စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။  အလုပ်ရုံ ဆွေးနွေးပွဲမှာ စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ် ၊ ပညာဘာသာရပ်၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ် ဘာသာရပ် ၊စာရင်းအင်း ဘာသာရပ်နဲ့  အိုင်စီတီ ဘာသာရပ်တွေကို ဦးဆောင်ဆွေးနွေး ပို့ချမယ့် ဆရာဆရာမတွေနဲ့ တက်ရောက်လာကြတဲ့ သင်တန်းသား သင်တန်းသူ ကျောင်းအုပ်ဆရာဆရာမတွေနဲ့ အပြန်အလှန် ဆွေးနွေးပို့ချသွားမှာဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေးထံက သိရသည်။


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)