မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက် အပင်ပေါင်း (၃၀ဝဝ)ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက် အပင်ပေါင်း (၃၀ဝဝ)ပင်စိုက်ပျိုး




MNP - နိုဝင်ဘာ   ၁၅


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ် နိုင်ရေးအတွက် မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက်  စိုက်ပျိုးခဲ့သည်။


ထိုသို့  မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် သဘာဝတောထိန်းခြင်းအတွက် ဆောင်ရွက်စိုက်ပျိုးရာတွင် နှစ်စဉ်ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် ရည်ရွယ်၍ ဒဟတ်ပင်၊ မယ်ဇလီပင်၊ ကုက္ကိုလ်စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော်စိုက်ပျိုး၍ ယခုစိုက်ပျိုးပီး အပင်ပေါင်း(၃၀၀၀)ပင်အား ထိန်းသိမ်စိုက်ပျိုးလျက်ရှိပြီး သေသွားသောအပင်များအတွက်လည်း အစားထိုးပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနဦးစီဌာနမှ သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)